ဘ၀မှာလေ အားလုံးအတွက်ကို အနစ်နာ ခံခဲ့ဘူးတယ်... ပြန်ရလိုက်တော့လဲဒဏ်ရာတွေနဲ့ပဲ... ငါချစ်သလို ပြန်ချစ် ခဲ့ရင်လေ

Wednesday, May 5, 2010

သတ်ပစ်မယ်Flashy

သတ်ပစ်မယ်Flashy

Flashy Virus ရှိတဲ့ PC ကို USB Flash Drive လေးထည့်လိုက်တာနဲ့ သူဟာ USB Drive ထဲကို ၀င်ပြီး ရှိပြီးသား Folder Name တွေနဲ့တူတဲ့ Virus file လေးတွေ ပွားပေးပါတော့တယ်။ ရှိပြီးသား Folder တွေကိုတော့ Hidden File လုပ်လိုက်ပြီး Folder Option Menu ကိုပါ ဖျောက်ပြစ်လိုက်ပါတယ်။ Windows Task Manager မှာကြည့်ရင် Flashy.exe Run နေတာကိုတွေ့ရမှာဖြစ်ပြီး သူ့ကို End Task လုပ်ရုံနဲ့ သေမသွားပါဘူး။

သူ့ကို အသေသတ်နိုင်တဲ့ Flashy Fix ကို NOD32 က Release လုပ်ပေးထားပါတယ်။
Flashy Virus ရှိတဲ့ PC ကို USB Flash Drive လေးထည့်လိုက်တာနဲ့ သူဟာ USB Drive ထဲကို ၀င်ပြီး ရှိပြီးသား Folder Name တွေနဲ့တူတဲ့ Virus file လေးတွေ ပွားပေးပါတော့တယ်။ ရှိပြီးသား Folder တွေကိုတော့ Hidden File လုပ်လိုက်ပြီး Folder Option Menu ကိုပါ ဖျောက်ပြစ်လိုက်ပါတယ်။ Windows Task Manager မှာကြည့်ရင် Flashy.exe Run နေတာကိုတွေ့ရမှာဖြစ်ပြီး သူ့ကို End Task လုပ်ရုံနဲ့ သေမသွားပါဘူး။

သူ့ကို အသေသတ်နိုင်တဲ့ Flashy Fix ကို NOD32 က Release လုပ်ပေးထားပါတယ်။
ဒေါင်းလုတ်လုပ်လိုက်ပါနော်....

http://www.nakhonsihealth.org/insurance/Downloads/Antivirus/Anti%20flashy%20virus/Flashy-fix.exe...

သင့်လက်ကိုင်ဖုန်း လုပ်နိုင်တဲ့ လူသိနည်းတဲ့နည်းလေးချက်

သင့်လက်ကိုင်ဖုန်း လုပ်နိုင်တဲ့ လူသိနည်းတဲ့နည်းလေးချက်


အသက်ကယ် ပစ္စည်း သို့မဟုတ် ရှင်သန် ရုန်းကန် နိုင်ဖွယ်ရာ အရေးပေါ် အထောက်အကူ ပစ္စည်း ဖြစ်နိုင်ပါသတဲ့။

(၁) အရေးပေါ် အတွက်

keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား .. စမ်းကြည့်..

(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား

သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ.. စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာ ပျော်စရာပဲ မဟုတ်လား။ ကျွန်မတို့ စမ်းကြည့်တာ အောင်မြင်တယ်ရှင့်။ အိမ်ကလူက လာပေးစာ မလိုတော့ဘူးပေါ့။ အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။

(၃) ဖွက်ထားတဲ့ အပို ဘက္ထရီ

သင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။

(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။

သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။

လက်ကိုင်ဖုန်းတစ်လုံးကို ၀ယ်ထားရပြီး တန်အောင် အသုံးချနိုင်ကြပါစေ။ ...


မသံစဉ်ဖြူရဲ့ ဆိုဒ်လေးမှ ကိုးကားပါသည်.....

i miss you!!!


i miss you!!!
miss you......... I miss you before you leave, I miss you when you're gone, I miss you when we're talking or when I hear your song on the phone, I miss your soft smooth skin, I miss your beautiful eyes, I miss your smile and the way you laugh. And even miss it when you cry. I see you every weekend sometimes every two. The distance drives me crazy and I don't know what to do. Sometimes it causes problems but I know you'll always care. I love you so much baby and you should know u'll always be there....

wht is love???

wht is love???
ငါ့ရဲ့သစ္စာ ပေးဆပ်ချစ် ငါ့ ရဲ့ အချစ်က ပေးဆက်ရတဲ့ အချစ်တစ်ခုပါပဲ.......... နုနယ်တဲ့ ငါ့နှလုံးသား အချစ်ကို တွေ့လိုက်ရချိန် အဲဒီ အချစ်နဲ့ ဝေးခဲ့ရတယ်.......... မျှော်လင့်ချက်မဲ့နေပေမယ့် ငါဆက်ပြီး မျှော်လင့်နေမိတယ်........... ညအချိန်မှာ နေထွက်မလားဆိုပြီး စောင့်ကြည့်နေသလိုပေါ့.......... အင်း............ ကမ္ဘာကြီးသာ ****ထိုးမိုးမျှော်ဖြစ်ပြီး ညအချိန်မှာနေထွက်ခဲ့ရင် ငါ ဟာ စဉ်းစားနေမိမှာ.............. မင်းအချစ်တွေသာ ****ထိုးမိုးမျှော်ဖြစ်ပြီး ငါ့ မျှော်လင့်ချက်သာ ပြည့်ဝခဲ့ရင် ငါ ဟာ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားတစ်ယောက် ဖြစ်လိမ့်မယ်........ လက်ရှိဘ၀မှာတော့ ပေးဆက်အချစ်နဲ့ ဆက်ချစ်နေရပြီး တစ်ယောက်တည်းကြေကွဲနေရတာပါ ပဲ။ .................................................................

for u...!!!

for u...!!!
My loveis like an ocean It goes down so deep My love is like a rose Whose beauty you want to keep. My love is like a river That will never end My love is like a dove With a beautiful message to send. My love is like a song That goes on and on forever My love is like a prisoner It's to you that I surrender ....

LOVE (အချစ်)ဆိုသည်မှာ

LOVE (အချစ်)ဆိုသည်မှာ

L......L ake of sorrow ၀မ်းနည်းခြင်းရေအိုင်
O.....O cean of tears မျက်ရည် သမုဒ္ဓရာ
V.....V alley of death မရဏာတောင်ကြား
E.....E nd of live... ဘ၀ရဲ့ နိဂုန်း
ဒီလိုပြောရင် လက်ခံမှာလား ငြင်းမှာလား...

Tuesday, July 14, 2009

အိုင်အီးမှာ မြန်မာလို မမြင်ရရင်

အိုင်အီးမှာ မြန်မာလို မြင်ချင်တယ် ဆိုရင် Browser တစ်ခုလုံးကို Zawgyi-one ပြောင်းလိုက်ရင် ရပါတယ်..
IE မှာဆိုရင်
အရင်ဆုံး notepad ဖွင့်
body
{
font-family:Zawgyi-one
}
input, select , textarea
{
font-family:Zawgyi-one;
}
ဆိုပြီးရိုက်လိုက်ပါ.... ပြီးရင် notepad မှာရိုက်ပြီ... D:\ie.css နဲ့သိမ်းလိုက်....
ပြီးတော့ IE ကိုဖွင့်...
Tool -> Folder option -> Accessibility ကို နှိပ်ပါ...
Ignore Font Style specified...pages ကို check လုပ်ပါ...
Format documents using my style sheet ကို check လုပ်ပါ..
Browse လုပ်လိုက်ပါ...
D:\ie.css ကိုရွေးလိုက်ပါ...
ပြီးရင် OK လုပ်လိုက်ပါ... OK ထပ်လုပ်ပါ..
ကဲရပါပြီ... မြန်မာလို... IE တစ်ခုလုံး ဇော်ဂျီ font ဖြစ်သွားပါပြီ......