ဘ၀မှာလေ အားလုံးအတွက်ကို အနစ်နာ ခံခဲ့ဘူးတယ်... ပြန်ရလိုက်တော့လဲဒဏ်ရာတွေနဲ့ပဲ... ငါချစ်သလို ပြန်ချစ် ခဲ့ရင်လေ

Tuesday, July 14, 2009

အိုင်အီးမှာ မြန်မာလို မမြင်ရရင်

အိုင်အီးမှာ မြန်မာလို မြင်ချင်တယ် ဆိုရင် Browser တစ်ခုလုံးကို Zawgyi-one ပြောင်းလိုက်ရင် ရပါတယ်..
IE မှာဆိုရင်
အရင်ဆုံး notepad ဖွင့်
body
{
font-family:Zawgyi-one
}
input, select , textarea
{
font-family:Zawgyi-one;
}
ဆိုပြီးရိုက်လိုက်ပါ.... ပြီးရင် notepad မှာရိုက်ပြီ... D:\ie.css နဲ့သိမ်းလိုက်....
ပြီးတော့ IE ကိုဖွင့်...
Tool -> Folder option -> Accessibility ကို နှိပ်ပါ...
Ignore Font Style specified...pages ကို check လုပ်ပါ...
Format documents using my style sheet ကို check လုပ်ပါ..
Browse လုပ်လိုက်ပါ...
D:\ie.css ကိုရွေးလိုက်ပါ...
ပြီးရင် OK လုပ်လိုက်ပါ... OK ထပ်လုပ်ပါ..
ကဲရပါပြီ... မြန်မာလို... IE တစ်ခုလုံး ဇော်ဂျီ font ဖြစ်သွားပါပြီ......

Sunday, July 12, 2009

They eat children in Japan


ကောသလမင်း အိပ်မက် ၁၆ ချက်

ကောသလမင်း အိပ်မက် ၁၆ ချက်

(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။နောင်အခါ

တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌

အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန်

ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ

စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို

မြင်မက်ပါသည်။နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ

ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။

လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော

တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌

အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍

မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို

စား၏ ဟု မြင်မက်ပါသည်။နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော

ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌

လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။

လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ

နေသည်ကို မြင်မက်ပါသည်။နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည်

ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော

အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည်

ကြည်လင်၏ဟု မြင်မက်ပါသည်။နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက်

လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌

မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား

ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့

ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍

လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌

ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော

ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့

တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို

လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက်

ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည်

ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌

ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား

အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော

အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။နောင်အခါ တရား မစောင့်သော

မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက်

အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက်

အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း

အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း

လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။

အမျိုးသား ပညာဝန် ဦးဖိုးကျား၏ ငါးရာ့ငါးဆယ် ကောက်နုတ်ချက်များ (ပထမတွဲ) မှ ကူးယူ ဖေါ်ပြ ထားခြင်း ဖြစ်ပါတယ်။

Saturday, June 20, 2009

ချစ်သူနှုတ်ခမ်း အနမ်းဝေေ၀....

ကိုယ့်ချစ်သူရဲ့ နှုတ်ခမ်းလေးကို နမ်းကြည့်ကြမယ်...နော်...
ဒီနေရာလေးမှာ.....

Write ur letter

ImageChef.com - Custom comment codes for MySpace, Hi5, Friendster and more


ဒီဆိုဒ်လေးမှာတော့ ပုံလေးတွေထဲမှာ ကိုယ်ကြိုက်တဲ့ စာသားလေးတွေ ရေးလို့ရပါတယ်...
..ဒီက၀င်နော်.....

Saturday, June 6, 2009

Mother Means

History Of Polytechnic

Monday, June 1, 2009

u cannot see myanmar font from firefox

မော်ဇီလာမှာမြန်မာဖောင့် တင်ထားပြီး မပေါ်ပဲ အတုန်းလေး တွေပဲ ပေါ်နေရင်
Firefox မှာဆိုရင်
Firefox ကိုဖွင့်
ToolထဲကContent ကိုဝင်ပါ...
Font And Color မှာ Advanced ကိုဝင်ပါ....
Font တွေကို Zawgyi-one လို့ပြောင်းပေးပါ။။။
အောက်က Character Encoding မှာ Unicode(UTF-8) ကိုသုံးပါ.....
ပြီးရင် OKကိုနှိပ်ပါ.........
ဒါဆိုသုံးလို့ရပါပြီနော်...........

ULTRA BOOT CD


ဒီဆော့ဝဲလေးကတော့ မိမိတို့ကွန်ပြူတာမှာ ဟတ်ဒစိမလိုပဲ မာမိုရီကနေ boot တကိပြီးသုံးနိုင်တဲ့ ဆော့ဝဲလေးပါ...အဲ့ဒီအပြင်ကို သူ့ဆော့ဝဲလေးကလုပ်လို့ ရတာတွေအများကြီးရှိသေးတယ်...စီဒီရွန်လေးရှိတာနဲ့အလုပ်ဖြစ်ပြီနော်...စမ်းကြည့်လိုက်ပါ..




Download ubcd411.zip [95MB]
http://y.mrbass.org/ubcd411.zip ဒီမှာယူနော်..

Gtalk on the mozilla


ကျွန်တော်တို့ မော်ဇီလာမှာ ဂျီတော့လေးတွေတစ်ခါတည်း ပေါင်းထည့်လို့ရပါတယ်...

ဒီလိုထည့်လိုက်ရင် ကျွန်တော်တို့ မော်ဇီလာသုံးထားတဲ့ အိုင်ပီအတိုင်း ဂျီတော့ကို သုံးလို့ရပါတယ်..

ဒါဆိုFreedom နဲ့လဲကျော်စရာ မလိုတော့ဘူးပေါ့နော်... ဒီလိုထည့်ထားချင်ရင်...

အရင်ဆုံး ဒီဆိုဒ်လေးကနေ၀င်လိုက်ပါ..

https://addons.mozilla.org/en-US/firefox/addon/4708

ပြီးရင်သူကinstall ဆိုတောလေးရှိတယ်... အဲ့ဒါလေးကိုနှိပ်ပေး..

ဒါဆိုinstall လုပ်သွားလိမ့်မယ်... ပြီးရင်မော်ဇီလာကို restart လုပ်ခိုင်းလိမ့်မယ်... အဲ့ဒါလုပ်ပေးပြီးလို့

မော်ဇီလာပြန်တက်လာရင် view ထဲက sitebar မှာ Gtalk sitebar ဆိုတာလေးကို on ပေးပါ...ဒါဆိုသုံးလို့

ရပါပြီ...



ပျော်ရွှင်ပါစေနော်.......လူဖုန်း

folder option hidden error

အခုတစ်လောအဖြစ်များနေတဲ့wormit

ဗိုင်းရပ်ကိုသတ်ပြီးတဲ့အခါမှာ

folder optionပျောက်သ၊ွားတာကိုကြုံတွေ့

နေရပါတယ်ဒီပြသနာကိုဖြေရှင်းရန်

Folder Option ကိုပြန်လိုချင်တယ်ဆိုရင်တော့ ...........


regedit ထဲကိုဝင်ပြင်မှပဲရမှာနော် ပြင်ပုံပြင်နည်းကတော့


Edit ထဲကနေ Find ထဲကိုဝင်


Find what ဆိုတဲ့နေရာမှာ Folder Option လို့ရိုက်ထည့်လိုက်


အဲ


Folder Option ကိုတွေ့ပီဆိုတာနဲ့


Folder Option Properties Page Extension


လို့ရိုက်ထည့်လိုက် ဒါဆိုပြန်ပေါ်လာပါလိမ့်မယ်

docement တွေ folder တွေဖွင့်လိုက်တာနဲ့ background မှာပုံလှလှလေးဖန်တီးရအောင်

docement တွေ folder တွေဖွင့်လိုက်တာနဲ့
background မှာပုံလှလှလေးဖန်တီးရအောင်
အရင်ဆုံး Notepad ဖွင့်
[{BE098140-A513-11D0-A3A4-00C04FD706EC}]

IconArea_Image=----------.jpg
လို့ရိုက်လိုက်ပါ ။ save မှတ်ရင်

save as type မှာ all files

file name က desktop.ini

save မှတ်လိုက်ပါ ။ နောက် ကိုဖန်တီးချင်တဲ့နေရာက my docement မှာဆိုရင်

my docement မှာ desktop file ကိုထားထားပါ ။

ထားချင်တဲ့ photo ကိုလဲ my docement မှာထားထားပါ ။

desktop file ကိုဖွင့် ရိုက်ထားတဲ့ --------------နေရာမှာ photo name ထည့်

save မှတ် ။ save မှတ်ရင် ဘာမှမပြောင်းနဲ့ yes or No မေးရင် yes

ပြီးရင် my docement ရဲ့လွတ်တဲ့နေရာမှာ right click နှိပ် refresh

လှပသော background ဖြစ်ကြပါစေ

အင်တာနက်မှ စာအုပ်စင်များ

အင်တာနက်မှ စာအုပ်စင်များမြန်မာမိသားစုမှကိုအဲဗား၏ပို့ကိုကိုးကားပါသည်

ညီအကို မောင်နှမများနဲ့ ရောင်းရင်းများ အတွက် အင်တာနက်ထဲက စာအုပ်စင်လို့ (ကျွန်တော့်ဘာသာ) အမည်ပေးထားတဲ့ အင်တာနက် လိပ်စာ တစ်ခုကို ဝေမျှလိုက်ပါတယ်...
စီ၊စီ++၊ ဂျာဗား၊ ပိုင်သွန်း၊ ပါးလ်၊ ပီအိပ်ခ်ျပီ၊ စီဂျီအိုင် အစရှိတဲ့ ပရိုဂရမ်ဘာသာ စကား - စာအုပ်များ...
ဟက်ကာ၊ လုံခြုံရေးစနစ်များ၊ ခရက်ကင်းနဲ့ စီစီအင်အေ စတဲ့ ကွန်ရက်စနစ်ဆိုင်ရာ စာအုပ်များ..
ဆိုလာရစ်၊ အပါချီ၊ လင်းနပ်စ်၊ ယူနစ်စ်၊ ဖရီးဘီအက်စ်ဒီ.. စတဲ့ စနစ်ဆိုင်ရာ စာအုပ်များ...
စုစုပေါင်းစာအုပ်အမည်စုံအမျိုးစုံ၅၁၄အုပ်ပါရှိတဲ့ အင်တာနက် နေရာတစ်ခု ဖြစ်ပါတယ်..
အဲဒီစာအုပ် တစ်အုပ်ချင်းစီအတွက် ဒေါင်းလုဒ်လင့်ခ်တွေကို ဖိုင်တစ်ခုအတွင်းမှာ စုထည့်ပေးထားပါတယ်..
အဲဒီဖိုင်လေးကို အရင် ဒေါင်းလုဒ် လုပ်ပြီးမှ လိုချင်တဲ့ အမည်ကို ဖတ်ကြည့်ပြီး စိတ်ကြိုက် ဒေါင်းလုဒ်နိုင်ပါတယ်..

ဒီမှာယူလိုက်နော်

http://www.fileden.com/files/2007/5/6/1054861/DLinks.rar

Faster Adsl Speed

ဒီနေ့ တင်ပြမယ့် အကြောင်းအရာလေး ကတော့ မိမိတို့ (အေဒီအက်အယ်) အင်တာနက်SPEEDလေးကို မော်ဇီလာ ကနေ အလွန်လျှင်မြန်စွာ အသုံးပြုနိုင်အောင် အတွက်ဖြစ်ပါတယ်...
ပထမ ဦးဆုံး မော်ဇီလာကိုဖွင့်ထားရပါမယ်။ ပြီးရင် address barမှာ (about:config)လို့ ရိုက်ထည့်ရပါမယ်။ ပြီးရင်Filter မှာ network.httpလို့ ရိုက်ပါ။ ပြီးရင်network.http.pipelining.maxrequestsကိုရှာရပါမယ်။ network.http.pipelining.maxrequests မှာ string က default..(4) ဖြစ်နေပါလိမ့်မယ်. ..256lineကိုstringက 200လောက်အထိထားလို့ သင့်တော်ပါတယ်. ...သူ့အပေါ်မှာ clickလေး နှိပ်ပြီး ပြင်နိုင်ပါတယ်။
ပြီးရင်network.http.pipeliningနဲ့ network.http.proxy.pipelining ကိုရှာပါ ...ဒီနှစ်ခုကိုtrueပေးရပါမယ် ။ပြီးရင်modzillaက ip addressကိုcache-dsl.bagan.net.mm ပြောင်းပေးရပါမယ် ။portကတော့ 8080ပါ။ ပြီးရင်freedomသုံးတဲ့သူများ freedomကို ပိတ်ပြီးစမ်းအသုံးပြုနိုင်ပါပြီ။
(သတိပြုရမှာကတော့... အင်တာနက်ကဖေးမှာ အသုံးပြုသူတွေက ဒီလို အသုံးပြုတဲ့အခါမှာ မိမိရဲ့ စက်တစ်လုံးထဲသာ မြန်ပြီး အခြားစက်
များမှာ သုံးလို့ရမည်မဟုတ်သောကြောင့်ခဏသာ အသုံးပြုကြရန်ပြောလိုပါတယ်ခင်ဗျား.. .)[-X [-X [-X

Use Google Talk From your Website

Google Talk Gadget ဆိုတာက သင့် Webpage တစ်ခုခုပေါ်မှာ Google Talk ကို Run လို့ရအောင် လုပ်ပေးနိုင်တဲ့ Script လေးပါ။ အဲဒီ Script လေးကို သင့် Website မှာပဲဖြစ်ဖြစ်၊ Blog မှာပဲဖြစ်ဖြစ်၊ Google Home Page မှာပဲဖြစ်ဖြစ် တင်ထားရုံနဲ့ သင်ဟာ Google Talk Light Version အဖြစ် ဘယ် Computer မဆို Gtalk Install မလုပ်ဘဲ သုံးနိုင်ပါပြီ။

မင်းရဲ့ဆိုဒ်လေးမှာထည့်ချင်ရင်အောက်ကလင့်လေးမှာယူနော်....
http://www.google.com/talk/

gtalk မှာ background ပုံလေးတွေပြောင်းကြမယ် (orginal post by PuToo)

gtalk မှာ background ပုံလေးတွေနဲ့ chatting လုပ်လို့ရပါတယ်..
အဲလိုပြောင်းလဲတဲ့အခါ ထူးခြားချက်က Yahoo Messenger မှာလို Emotion Icon တွေသုံးလို့ရခြင်းပါ.
အဲ.. တစ်ခုရှိတာက.. ကိုယ့်ဘက်သူ့ဘက် နှစ်ဖက်စလုံးမှာ ရှိနေရင်ပိုအဆင်ပြေမှာပါ..
အရင်ဆုံး MyTheme ဆိုတဲ့ .exe ကို အင်စတောလုပ်ရပါမယ်..
ပြီးတဲ့အခါမှာ.. gtalk က setting ကိုဝင်ပြီး Appearance မှာ MyTheme ဆိုတာကို ရွေးချယ်လိုက်ရင်အားလုံးအဆင်ပြေပါပြီ.. ကျွန်တော်အောက်မှာ ဒေါင်းလုပ်လင့်ခ် ပေးထားပါမယ်.
တဆက်ထဲမှာဘဲ.. Yahoo Messenger မှာလိုအသုံးပြုရတဲ့ Emotion Icon တွေရဲ့ shortcut key တွေပါထည့်ပေးထားပါတယ် .. MyTheme ကို အင်စတောလုပ်တဲ့အခါမှာ program အောက်မှာ DaSh ဆိုတဲ့ program name အဖြစ်ရောက်ရှိနေမှာဖြစ်ပါတယ်..

My Theme
http://www.mediafire.com/?2vlz2tzti2y

My Theme shortcut1
http://www.mediafire.com/imageview.p...wr0tyu&thumb=4

My Theme shortcut2
http://www.mediafire.com/imageview.p...yymnmm&thumb=4


တဆက်တည်းမှာဘဲ ဆက်လက်ရှင်းပြလိုတာက.. MyTheme မှာပါတဲ့ Background တွေတင်မဟုတ်ဘဲ ကိုယ်ကြိုက်နှစ်သက်ရာကိုပြောင်းလဲလို့လဲရပါတယ်.. အဲဒါကတော့ ..
ှstart manu ==> programs ==> DaSh ==> MyTheme ==> Change Background
အဲလိုသွားရပါမယ်.. change background ရောက်တဲ့အခါမှာ ကိုလိုချင်တဲ့ background ကိုပြောင်းလိုက်ရုံပါဘဲ.. အဲဒီမှာ Sample Images ဆိုတဲ့ folder ထဲမှာ ကိုယ်ပိုင် background ပုံလေးတွေကို သိမ်းထားနိုင်ပြီး ပြောင်းချင်တဲ့အခါမှာ စောစောကပြောတဲ့အတိုင်း ပြောင်းရုံပါဘဲ..

ဘ၀တွေ.........

ကျွန်တော့် အသိ အကိုတစ်ယောက် ပြောပြတဲ့ အကြောင်းလေး တစ်ခုပါ..
အက်စကီးမီုး လူမျိုးတွေ ဟာ ပိုလာ ၀က်ဝံတွေ ကို ဘယ်လိုဖမ်း သလဲဆိုတာ
သူငယ်ချင်းတို့ သိကြလား.


အက်စကီးမိုးတွေဟာ ပိုလာတွေ ကိုဖမ်းတော့မယ်ဆိုရင် သူတို့ရဲ့ ချွန်ထက်နေတဲ့
ဓားတွေကို ပုံးထဲကိုထည့် အပေါ်က ဖျံသွေးတွေလောင်းထည့် ပြီးထားကြတယ်..ဖျံသွေးတွေ
အေးပြီးခဲသွားတဲ့ အခါ အဲ့ဒီပုံးကို ပိုလာဝက်ဝံတွေ နေတဲ့နေရာ
မှာသွားထားကြတယ်..၀က်ဝံတွေ ဟာဖျံသွေးဆိုတော့ အငမ်းမရ လျှာနဲ့ လျှက်စားကြတာပေါ့
..အဲ့ဒီလိုနဲ့ အထဲမှာရှိတဲ့ ဒါးနဲ့ လျှာကိုဖြတ်မိတာ မသိကြပဲ
ဆက်စားနေကြတယ်..ကြတော့ သွေးလွန်ပြီးလဲတာပေါ့..အဲ့ဒီအချိန်မှ အက်စကီးမိုးတွေ
ကထွက်လာပြီး ဝိုင်းသတ်ကြတာ..


အဲ့ဒီလိုပဲ နိုင်ငံရပ်ခြားမှာ နေပြီး အလုပ်လာလုပ်....စီးပွားလာရှာတဲ့ လူတွေရဲ့
ဘ၀တွေ ဟာလည်း ဖျံသွေးနဲ့တူတဲ့ ပိုက်ဆံနောက်ကို တစ်ကောက်ကောက် လိုက်ရင်း
ဓားထက်ထက်နဲ့ တူတဲ့ ဝေးကွာခြင်း နဲ့ထိမိရှမိပြီး
မိဘ-မောင်နှမ-ချစ်သူ-ဆွေမျိုးသားချင်း-သားသမီး-ဇနီးကြင်ယာ နဲ့
ဝေးကွာခြင်းဆိုတာတွေနဲ့ အဆုံးသတ်ရမှာလားတဲ့..ငွေကြေးတွေ
ဘယ်လောက်ရနေပါစေ..ကိုယ့်မိဘ ဆွေမျိုးတွေနဲ့ ဝေးကွာပြီး အမြဲမနေပဲ အတူတကွ
ပျော်ရွှင်စွာ နေထိုင်နိုင်အောင် ကြိုးစားနိုင်ကြပါစေလို့ အဝေးရောက်သူငယ်ချင်း
များ အတွက်။

လူဖုန်းလေး

Wednesday, May 6, 2009

cannot see myanmarfont from ie...

http://www.mediafire.com/download.php?dmjiyc1bncz
အိုင်အီးမှာ မြန်မာလို မမြင်ရတဲ့ သူငယ်ချင်းများ အတွက် ဒီဖိုင်လေးကို အရင် ဒေါင်းလုတ်ချပါ...ပြီးရင် အိုင်အီးရဲ့ Tools ထဲက Internet option ...General....Accessibility မှာ...Formatting က ignore font style specified onwebpage ကို ကလစ်လုပ်ပါ...ပြီရင်...user style sheet ကိုကလစ်ပေးပြီး browse ကိုကလစ်ပြီး.... ဒေါင်းလုတ်ချထားတဲ့ ဖိုင် လမ်းကြောင်းကိုပေးလိုက်ပါ....ပြီးရင် အိုကေပေါ့...